1611

သီပေါမြို့တွင် အမျိုးသား (၁)ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
16 November 2025

သီပေါမြို့နယ်တွင် အမျိုးသား (၁)ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ

သီပေါ၊ နို၀င်ဘာ ၁၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ၊ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် အမျိုးသား (၁)ဦးသည် မြေမြှုပ်မိုင်းကို နင်းမိခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၃)ရက် ညနေ (၄း၀၀)နာရီအချိန်၌ စံဖိတ်ကျေးရွာတွင်နေထိုင်သည့် အသက် (၆၄)နှစ်အရွယ် ဦးကောလိယသည် သီပေါမြို့အဝင်မုဒ်ဦးရှိအလှူခံနေရာတွင် မိုင်းကိုနင်းမိပြီး ညာဘက်ခြေထောက်နှင့် ညာဘက်လက်တို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါမိုင်းကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသားကို သီပေါမြို့ ပရဟိတလူမှုကူညီရေးအသင်းမှ ၎င်းကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၂၉)ရက်နေ့တွင်လည်း ကျောက်မဲမြို့တွင် အမျိုးသား (၁)ဦးသည်  မီးသင်္ဂြိုဟ်ပြီးသောရုပ်အလောင်း၏ပြာများကို အနောက်ဘက်သို့ သွားစွန့်ပစ်ရာမှ မိုင်းကို နင်းမိပြီး သေဆုံးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန



Topics: သီပေါမြို့တွင် အမျိုးသား (၁)ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်