1609

မူဆယ်နှင့် ကွတ်ခိုင်မြို့တွင် (၂)ပတ်နီးပါးအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း (၄)လောင်းနှင့် မိမိကိုယ်ကို ကြိုးဆွဲချမှု (၂)မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
14 November 2025

မူဆယ်နှင့် ကွတ်ခိုင်မြို့တွင် (၂)ပတ်နီးပါးအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း (၄)လောင်းနှင့် မိမိကိုယ်ကို ကြိုးဆွဲချမှု (၂)မှုဖြစ်ပွား

ကွတ်ခိုင်၊ နိုဝင်ဘာလ ၁၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့တွင် ယခုနိုင်ဝင်ဘာ (၂)ပတ်နီးပါးအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း (၄)လောင်းနှင့် မိမိကိုယ်ကို ကြိုးဆွဲချမှု (၂)မှုဖြစ်ပွားခဲ့ပါသည်။




စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၄)ရက်နေ့၌ ရေမြောင်းအတွင်း မျောပါလာသည့် အမျိုးသား (၁)ဦး၏ ရုပ်အလောင်း (၁)လောင်းနှင့် နိုဝင်ဘာ (၈)ရက်နေ့တွင် အသက် (၄၀)နှစ်အရွယ်၏ အမျိုးသား (၁)ဦးက အခန်းရှေ့တခါးဝတွင် မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။




ထိုအပြင် (၇)ရက်နေ့ နှင့် (၉)ရက်နေ့တွင်လည်း မြို့တွင်း လမ်းမကြီးဘေးရှိ ဆိုင်ခန်းရှေ့တွင် ပိုင်ရှင်မဲ့ရုပ်အလောင်း (၂)လောင်းတွေ့ရှိခဲ့သည်။ ယမန့်နေ့လည်း မြို့အတွင်းရှိ အမှိုက်ပုံတစ်နေရာတွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁)လောင်း ထပ်မံတွေ့ရှိခဲ့သည်။

အလားတူ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာလည်း နိုဝင်ဘာ (၁၂)ရက်တွင် စိတ်ကျန်းမာရေးချို့ယွင်းသူ အသက် (၃၇)နှစ်အရွယ် ဒေါ်အက်သည် သစ်ပင်ပေါ်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

စစ်ကောင်စီထိန်းချုပ်သည့် လားရှိုးမြို့တွင်လည်း နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း (၁)လောင်းနှင့် အမျိုးသမီး ရုပ်အလောင်း (၁)လောင်းတွေ့ရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မူဆယ်နှင့် ကွတ်ခိုင်မြို့တွင် (၂)ပတ်နီးပါးအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း (၄)လောင်းနှင့် မိမိကိုယ်ကို ကြိုးဆွဲချမှု (၂)မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်