1596

တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူလူထုများ၏လယ်ယာဧကပေါင်း (၄၀)ကျော်ပျက်စီးဆုံးရှုံးသွား

ဒေသတွင်းသတင်း / ဒေသတွင်း
08 November 2025

တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူလူထုများ၏လယ်ယာဧကပေါင်း (၄၀)ကျော်ပျက်စီးဆုံးရှုံးသွား

တအာင်းပြည်၊ နိုဝင်ဘာ ၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်အတွင်း ပြီးခဲ့သည့်ရက်အနည်းငယ်တွင် မိုးများအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူလူထုများ၏လယ်ယာဧကပေါင်း (၄၀)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

စပါးရိပ်သိမ်းနေချိန်ကာလဖြစ်သည့် ယခုနိုဝင်ဘာလအစ၌  ရာသီဥတုဘေးဒဏ်ကြောင့် နမ္မတူမြို့နယ်၊ မိုင်စိန်ကျေးရွာရှိ ပြည်သူလူထုများ၏ စိုက်ပျိုးထားသောလယ်ယာဧက စုစုပေါင်း (၂၁) ဧကခွဲသည်  ရေနစ်မြှုပ်ကာ ပျက်စီးဆုံးရှုံးသွားပြီး ၎င်းတို့ စိုက်ပျိုးထားသည့် ပဲသီးနှံများလည်း  ပျက်စီးသွားခဲ့သည်။



အလားတူ နမ္မတူနှင့် မိုင်းဘော်သို့ ဆက်သွယ်ထားသည့် နမ့်ရီးတံတားလည်း ရေနစ်မြှုပ်သွားခဲ့ပြီး နမ္မတူနှင့် မန်တုံမြို့သို့ သွားသည့်လမ်းမကြီးလည်း မြေပြိုမှုကြောင့် လမ်းမကြီးပျက်စီးမှုဖြစ်ပွားခဲ့သည်။


၎င်းအပြင် ကွတ်ခိုင်ခရိုင်၊  နမ့်ဖတ်ကာမြို့နယ်ရှိ ဟိုမောရေချောင်းတစ်လျှောက်တွင် ရေကြီးရေလျှံဖြစ်ပွားရာမှ ပြည်သူလူထုများ ရိပ်သိမ်းထားသည့် လယ်ယာစပါးဧကစုစုပေါင်း (၂၄)ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်။



ထိုအတူ မိုင်းဝီးမြို့လည်း ရေချောင်းအနီးတွင်နေထိုင်ကြသည့်ပြည်သူလူထုများ၏ နေအိမ် အချိုလည်း ရေများဝင်လာသောကြောင့် ပြောင်းရွေ့နေထိုင်ကြရသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူလူထုများ၏လယ်ယာဧကပေါင်း (၄၀)ကျော်ပျက်စီးဆုံးရှုံးသွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်