1594

မိုင်းလုံတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
07 November 2025

မိုင်းလုံတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦး ဖမ်းဆီးရမိ

မိုင်းလုံ၊ နိုဝင်ဘာ ၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မိုးကုတ်ခရိုင်၊ မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦး ဖမ်းဆီးရမိခဲ့သည်။

တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်နေ့တွင် မိုင်းလုံမြို့နယ်အတွင်း ရှောင်တခင်လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၅)နှစ်အရွယ် ဦးပညာ၊ အသက် (၂၇)နှစ်အရွယ် ဦးအိုက်ကြာ၊ အသက် (၂၅)နှစ်အရွယ် ဦးအိုက်မောင်၊ အသက် (၃၅)နှစ်အရွယ် ဦးကျော်ဝေမြင့်၊ အသက် (၃၅)နှစ်အရွယ် ဦအိုက်သန်းနှင့် အသက် (၁၉)နှစ်အရွယ်ကိုတင်ထွန်းအောင်တို့ကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ (၂၂)ရက်နေ့လည်း မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: မိုင်းလုံတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်