PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အောက်တိုဘာအတွင်း ကျေးရွာပေါင်း (၁၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
နမ့်ဆန်၊ အောက်တိုဘာ ၂၉ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အောက်တိုဘာအတွင်း ကျေးရွာပေါင်း (၁၄)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် မန်တုံမြို့နယ်ရှိ ကျေးရွာ (၅)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂)ရွာနှင့် မူဆယ်မြို့နယ်ရှိ ကျေးရွာ (၇)ရွာတို့ကို ဖြစ်ကြပါသည်။

အဆိုပါမြို့နယ် (၃)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၄၈၈)ဦးတို့ကို အမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာအသိပညာပေးစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။

PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်းလည်း နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၁၁)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂၂)ရွာနှင့် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၁)ရွာတို့ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၃၅၉၄)ဦးတို့ကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အသိပညာပေးပြုလုပ်ပေးနိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ