ကယားကြီးကျေးရွာတွင် ဝါးယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား
နမ့်ဆန်၊ အောက်တိုဘာ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာတွင် ဝါးယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၂၀)ရက်နေ့ နေလယ် (၂း၃၀)နာရီအချိန်၌ ကယားကြီးကျေးရွာ၊ ရပ်ကွက် (၄)ရှိ ဦးအိုက်ထူးနေအိမ်တွင် ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ဆိုင်ကယ် (၁)စီး၊ စက်ဘီး (၂)စီးနှင့် ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး သိန်း (၇၀)ခန့် ဆုံးရှုံးသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို ပြည်သူလူထုများက ဝိုင်းဝန်းပြီး မီးငြိမ်းသတ်မှုကြောင့် နေ့လယ် (၃း၀၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့လည်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ ကျောင်းသားများနေထိုင်သည့် (၂)ထပ်ဆောင်သည် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ