1519

ညောင်ကုန်း(ထက်)ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
16 October 2025

ညောင်ကုန်း(ထက်)ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်

မိုးကုတ်၊ အောက်တိုဘာလ ၁၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်)ကျေး
ရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။









စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက် (၇း၃၀)နာရီအချိန်၌ ညောင်ကုန်း(ထက်)ကျေးရွာရှိ ပြည်သူလူထု၏ ကြက်မွေးမြူးရေးခြံပေါ်တွင် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁၁)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးသေဆုံးသွားခဲ့ပြီး ကလေးငယ်အပါ
အဝင် ပြည်သူလူထု (၄)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွား (၂)ကောင် သေဆုံးကာ ဆိုင်ကယ် (၆)စီး၊ ကလေးမူကြိုကျောင်းအပါအဝင် နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်
ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။






စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်
ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ်  စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ညောင်ကုန်း(ထက်)ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်