ပါလှိုင်ကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
မိုင်းငေါ့၊ အောက်တိုဘာလ ၁၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ပါလှိုင်ကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLA မှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲကို အောက်တိုဘာ (၁၀)ရက်နေ့တွင် တအာင်းစာပေအဖွဲ့-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့သည်။
ထိုအသင်တန်းတွင် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၄၆)ဦး စုစုပေါင်း (၄၉)ဦးတက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာပေအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင့် သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကို သင်တန်းသူ/သားများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀)ဦးဝန်းကျင်တက် ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတက်၊ ရေးတက်၊ ဆိုတက်၊ သုံးတက်နိုင်ရန်တို့ ဖြစ်ပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၆)ရက်နေ့လည်း မိုင်းဝီးမြို့နယ် ပန်ဟန်ကြီးကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်း တတ်ရောက်ပြီးမြောက်သွားသည့် သင်တန်းသူ/သားစုစုပေါင်း (၂၆)ဦးတို့ကို သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ