1501

ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ (၃)ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
11 October 2025

ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ (၃)ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅)ဦး ဖမ်းဆီးရမိ

ကွတ်ခိုင်၊ အောက်တိုဘာ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၃)ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅)ဦး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲသူများသည် ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်တွင် ဟိုနောင်ကျေးရွာ နေထိုင်သည့် အသက် (၄၅)နှစ်အရွယ် ဦးအိုက်ခေါင်နှင့် တုံဆိမ်အွန်ကျေးရွာတွင် နေထိုင်သည့် အသက် (၂၅)နှစ်အရွယ် ဦးအိုက်ငုနှင့် အသက် (၅၄)နှစ်အရွယ် ဦးအချွေဆိုသူတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

အလားတူ အောက်တိုဘာ (၉)ရက်နေ့တွင်လည်း တုံဆိမ်အွန်ကျေးရွာတွင် နေထိုင်သည့် အမျိုးသား (၂)ဦးသည် အသက် (၂၇)နှစ်အရွယ် ကိုမောင်အေးနှင့် အောက်တိုဘာ (၁၀)ရက်တွင် အသက် (၃၈)နှစ်အရွယ် ဦးအိုက်လောတ်ဆိုသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထိုနောက် ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ရောင်းဝယ်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပြုပြင်သွားမည်ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ (၃)ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်