မိုးမိတ်မြို့နယ် အောင်မြေရွာအနီးတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံပြီးဗုံးလာရောက်ကြဲချတိုက်ခိုက်
မိုးမိတ်၊ အောက်တိုဘာ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၈)နယ်မြေ၊ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးနှင့် (ရော့ကဒ်)လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်သွားခဲ့သည်။
ယနေ့ နေ့လည် (၁း၃၀)နာရီအချိန်တွင် မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးသို့ စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၂)လုံးနှင့် (ရော့ကဒ်) လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
အလားတူ ယမန်နေ့တွင်လည် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၃)လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ပြီး၊ (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထုနေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ