1479

သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကောင်စီတပ်မှ သီပေါမြို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုင်ခိုက်မှုကြောင့် ကလေး(၁)ဦးအပါအဝင် (၃)ဦးထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
06 October 2025

သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကောင်စီတပ်မှ သီပေါမြို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုင်ခိုက်မှုကြောင့် ကလေး(၁)ဦးအပါအဝင် (၃)ဦးထိမှန်ဒဏ်ရာရ


သီပေါ၊ အောက်တိုဘာ ၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁)ဦးအပါအဝင်(၃)ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။


ယနေ့ နံနက် (၇း၄၂)နာရီအချိန်တွင် မြို့တွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးထဲတွင် ပေါင် (၂၅၀) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာမှ အသက် (၁)နှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက် (၂၃)နှစ်အရွယ် 

ဦးသောနနှင့် အသက် (၂၆)နှစ်အရွယ် ဦးပတူးတို့ ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မိုက်ခရိုဝေ့ပ်အဆောက်အဦးနှင့် ပြည်သူလူထု နေအိမ်(၁)လုံးထိခိုက်ပျက်စီးသွားခဲ့သည်။


အလားတူ နံနက် (၇း၄၅)နာရီအချိန်တွင်လည်း နမ္မတူမြို့ မြို့မစျေးရပ် ရပ်ကွက်(၂)ရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်(၆)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။


ထိုအပြင် အောက်တိုဘာ (၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ သီပေါမြို့ မန်ဟဲရွာ၊ အုံမုကျေးရွာတွင် လေကြောင်းဖြင့် ဗုံးလာ‌ရောက်ကြဲချတိုက်ခိုက်ပြီးနောက် ညနေပိုင်းအချိန်တွင်လည်း မြို့တွင်းဇာတ်စုရပ်ကွက်နှင့် ကျင်သီကျေးရွာအား ဗုံးထပ်မံလာရောက်ကြဲ ချတိုက်ခိုက်ခဲ့သည်။ ၎င်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကျင်သီကျေးရွာရှိ ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ ထိုအပြင် ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းအပါအဝင် နေအိမ် (၁၃)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင် ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကောင်စီတပ်မှ သီပေါမြို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုင်ခိုက်မှုကြောင့် ကလေး(၁)ဦးအပါအဝင် (၃)ဦးထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်