1462

တအာင်းပြည်တွင် စက်တင်ဘာလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃)ဦး ဖမ်းဆီးနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
03 October 2025

တအာင်းပြည်တွင် စက်တင်ဘာလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃)ဦး ဖမ်းဆီးနိုင်ခဲ့

တအာင်းပြည်၊ အောက်တိုဘာလ ၃ရက်

တအာင်းပြည်၊ နမ့်ဆန်၊နမ္မတူ၊မန်တုံ၊ သီပေါ၊ နမ့်ခမ်းနှင့် ‌မူဆယ်၊ မိုင်းလုံ၊ မိုးမိတ်နှင့် မိုးကုတ် မြို့နယ်တို့ တွင် စက်တင်ဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ (၄၃)ဦးတို့ကို ဖမ်းဆီးအရေး ယူနိုင်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါး သုံးစွဲသူ (၇)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးတို့ထံ  ဘိန်းဖြူ (၁)ထုတ်၊ ၊ ဘိန်းဖြူထည့်ထားသည့်  LIPOVITAN - D အချိုရည်ဗူး (၃)ဗူး၊ ဘိန်းဖြူထည့်ထားသည့် မီးခြစ် (၂)လုံး၊ ယာမဆေးပြား (၁၅)ပြား၊ ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။

နမ္မတူမြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါး သုံးစွဲသူ (၁၀) တို့ကိုဖမ်းဆီးရမိခဲ့သည်။ ထိုအပြင် မန်တုံမြို့နယ်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ(၉)ဦးတို့ထံ ဘိန်းဖြူထည့်ထားသည့် မန်ကျီးဖျော် ရည်ဗူးတစ်ဝက် ဗူးသေး(၁)ဗူးနှင့် ယာမဆေးပြား (၄၅)ပြားတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

အလားတူ သီပေါမြို့တွင်လည်း  တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့်မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား(၁)ဦးထံ ယာမဆေးပြား(၁)ထုတ်၊ ဘိန်းဖြူနှင့်အတူ ဖမ်းဆီရမိခဲ့သည်။

နမ့်ခမ်းမြို့နယ်လည်း  တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁၁)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။ ထိုအပြင် မှုဆယ်မြို့နယ်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ဦးထံ ဘိန်းဖြူထည့်ထားသည့် မီးခြစ် (၁)ဗူး၊ ဘိန်းဖြူဗူးသေး (၃)တို့နှင့်အတူတအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

မိုးမိတ်မြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁)ဦးနှင့်ယာမဆေးပြား (၂၀)ပြား၊ (oppo)ဖုန်း(၁)လုံးနှင့်အတူတအာင်းပြည်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့သည်။ မိုင်းလုံမြို့နယ်မှာလည်း မူးယစ်သုံးစွဲသူ အမျိူးသား (၂)ဦးနှင့် ယာမဆေးပြား(၅)ပြားနှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။

မိုးကုတ်မြို့နယ်မှာလည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား(၁)ဦးကိုဖမ်းဆီးရမိခဲ့ပြီး ၄င်းထံ ဘိန်းဖြူဆပ်ပြာခွက် (၂)ခွက်၊ ဘိန်းဖြူထည့်ထားသည့်အချိုရည်ဗူးတစ်ဝက်၊ယာမဆေးပြား(၅၀၁)နှင့်ဖုန်း(၁)လုံးတို့ကိုတအာင်းပြည်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည်သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁)ဦးနှင့် သုံးစွဲသူ (၁၂)ဦး တို့ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် စက်တင်ဘာလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃)ဦး ဖမ်းဆီးနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်