1433

လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၃၀)လုံးနှင့် အ‌ဆိပ်ငွေ့ဗုံး(၃)လုံး လာရောက်ကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
28 September 2025

လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ  လေကြောင်းဖြင့် ဗုံး (၃၀)လုံးနှင့် အ‌ဆိပ်ငွေ့ဗုံး(၃)လုံး လာရောက်ကြဲချတိုက်ခိုက်


ကျောက်မဲ၊ စက်တင်ဘာ ၂၈ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင်  စစ်ကောင်စီတပ်မှ  လေကြောင်းဖြင့် ဗုံး(၃၀)လုံးနှင့် အဆိပ်ငွေ့ဗုံး(၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုနောက်စစ်ကောင်စီတပ်သည် လုံဝယ်ကျေးရွာအတွင်း ဝင်‌ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။


စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးကြဲချမှုကြောင့် တအာင်းတပ်မတော်တပ်ဖွဲ့များမှ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ဆန်ခြင်းလက္ခဏာများဖြစ်ပေါ်စေခဲ့ပြီး ယခုအချိန်၌ တပ်ဖွဲ့ဝင် (၃)ဦးမှ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်။


ယနေ့ စက်တင်ဘာ (၂၈)ရက်နေ့လည်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ကျောက်မဲမြို့နယ်ရှိ လုံဝယ်၊ တောင်ဆေးလိပ်နှင့် စခန်းသာကျေးရွာကြားသော်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဆိပ်ဖူးကျေးရွာနှင့် ဘန်ကာချောင်းအနီးသော်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၃၀)လုံးနှင့် အ‌ဆိပ်ငွေ့ဗုံး(၃)လုံး လာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်