1432

ပန်သပြေကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် (၂၀)အိမ်ထိမှန်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
27 September 2025

ပန်သပြေကျေးရွာတွင် စစ်ကောင်စီတပ်မှ  လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် (၂၀)အိမ်ထိမှန်ပျက်စီး


မိုင်းလုံ၊ စက်တင်ဘာ ၂၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာတွင်  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့်  ဘုန်းကြီးကျောင်းနှင့် နေအိမ် (၂၀)အိမ် ထိမှန်ပျက်စီးသွားခဲ့ပါသည်။


စစ်ကောင်စီတပ်သည် ယနေ့ ညနေ (၄း၀၇)နာရီအချိန်၌  ပန်သပြေကျေးရွာရှိ ပြည်သူလူထုများကို  ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။




အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၂၆)ရက်နေ့လည်း  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပါပုတ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အသက် (၆၁)နှစ်အရွယ် အမျိုးသား (၁)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။




စစ်ကောင်စီတပ်သည် ယခုလအတွင်း ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့နယ်တွင် လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့်  အမျိုးသား (၂)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၀)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ကျောင်းဆောင် (၁)ဆောင်နှင့် ကား (၁)စီး  ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။





ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပန်သပြေကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် (၂၀)အိမ်ထိမှန်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်