1427

ပါပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
26 September 2025

ပါပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ  ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး


ကျောက်မဲ၊ စက်တင်ဘာ ၂၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင်  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံးသွားခဲ့ပါသည်။


ဖြစ်စဥ်တွင် ယနေ့ နံနက် (၁၁း၂၈)နာရီအချိန်၌ စစ်ကောင်စီတပ်သည် ရည်ရွယ်ချက်ရှိရှိ ပါပုတ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အသက် (၆၁)နှစ်အရွယ် အမျိုးသား (၁)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၂၄)ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆောင်နှင့် ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: ပါပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်