မိုင်းယု (၁၀၅)မိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး
မူဆယ်၊ စက်တင်ဘာလ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ယမန်နေ့ စက်တင်ဘာလ (၂၄)ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသည့် အသက် (၃၆)နှစ်အရွယ် ဦးအိုက်မြတ်ကို PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီး ၎င်းကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပါသည်။
၎င်းကို ပထမအကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ ပြစ်ဒဏ်ခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၈)ရက်တွင်လည်း မန်တုံမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ