ကွတ်ခိုင်မြို့တွင် PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
ကွတ်ခိုင်၊ စက်တင်ဘာ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ (၂၃)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး ကျေးရွာအုပ်စု စာရေးများထားရှိရန်၊ လူ့အခွင့်အရေးချိုဖောက်မှုနှင့် ပတ်သက်၍ ရှိပါက တိုင်းကြားပေးရန် မြို့နှင့် ကျေးရွာအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများစသဖြင့် ဆွေးနွေးခဲ့ကြသည်။
ထိုနောက်တွင် ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများကိုလည်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။
၎င်းတွေ့ဆုံပွဲကို ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရက်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှုးများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀)ဦး တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ် (၆)ရက်နေ့လည်း သီပေါမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ