1410

မန်တုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၆)ဦးဖမ်းဆီးရမိ

ဒေသတွင်းသတင်း
22 September 2025

မန်တုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၆)ဦးဖမ်းဆီးရမိ

မန်တုံ၊ စက်တင်ဘာ ၂၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ မန်တုံမြို့နယ်တွင် စက်တင်ဘာလအတွင်း PSLF/TNLA တအာင်းပြည် မြို့နယ်ရဲ့တပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၆)ဦးဖမ်းဆီရမိခဲ့ပါသည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ (၁၇)ရက်နေ့တွင် ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၂)နှစ်အရွယ် ဦးကြည်ပေါက်နှင့် အသက် ( ၄၀)နှစ်အရွယ်ရှိ ဦးအတီတို့ထံ ဘိန်းဖြူထည့်ထားသည့် မန်ကျည်းဖျော်ရည်ဗူးတစ်ဝက်နှင့် ဗူးသေး တစ်ဗူး၊
ယာမဆေးပြား (၄၅)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုအပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၈)နှစ်အရွယ် ဦးမောင်အေး၊ အသက် (၂၄)နှစ် ဦးအမောင်၊ အသက် (၂၃)နှစ် ဦးနေအောင်၊ အသက် (၁၈)နှစ် မောင်ကျော်မင်းအောင်၊ စက်တင်ဘာ (၄)ရက်နေ့တွင် အသက် (၂၅)နှစ်အရွယ် ဦးစံကျင်၊ စက်တင်ဘာ (၁၀)ရက်နေ့တွင် အသက် (၄၅)နှစ်အရွယ် ဒေါ် အမ်ထွန်းတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားဖြစ်ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၆)ရက်နေ့လည်း မူဆယ်မြို့နယ်၊ နမ့်ဟွယ်(ထက်)ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၆)ဦးဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်