1408

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓါးနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
22 September 2025

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓါးနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ


မိုင်းဝီး၊ စက်တင်ဘာ ၂၂ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းတစ်လုံးကို ဓါးနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထိုအမျိုးသားသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်နေ့  နေလယ် (၁း၀၀)နာရီအချိန်တွင် ၎င်း၏ညီဖြစ်သူနှင့် မျှစ်သွားခုတ်ရန်သွားနေချိန် လမ်းရှင်းလင်းနေစဥ်အတွင်း စစ်ကောင်စီတပ်၏ စွန့်လွှတ်​မိုင်းတစ်လုံးကို ခုတ်မိသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။


၎င်းမိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၀)နှစ်အရွယ် ကိုလီသာ၏ ခါး၊ လက်နှင့် ခြေထောက်များတွင် ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါအခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကိုလည်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပါသည်။


အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့လည်း နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် စခန်းသစ်အနီးတွင် ခြံရှင်းနေစဥ် မြေမြှုပ်မိုင်းတစ်လုံးကို ပေါက်မိ၍ ပေါက်ကွဲခဲ့ပြီး သေဆုံးသွားခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓါးနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်