1402

နမ့်ဖတ်ကာမြို့တွင် တစ်ရက်အတွင်း နေအိမ် (၂)အိမ် မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
20 September 2025

နမ့်ဖတ်ကာမြို့တွင် တစ်ရက်အတွင်း နေအိမ် (၂)အိမ် မီးလောင်မှုဖြစ်ပွား

ကွတ်ခိုင်၊ စက်တင်ဘာ ၂၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့၊ ရပ်ကွက် (၁)နှင့် ရပ်ကွက် (၃)တွင် တစ်ရက်အတွင်း နေအိမ် (၂)အိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် စက်တင်ဘာ (၁၈)ရက်နေ့ ည (၁၁း၃၀)နာရီအချိန်၌ ရပ်ကွက် (၁)ရှိ ဦးလော်ဘူဂမ်းသည် ဘုရားစင်ပေါ်တွင် ဖယောင်းတိုင် မီးထွန်းထားရာမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

အလားတူ ရပ်ကွက် (၃)ရှိ ဦးဂွန်တန်းမိုင်၏ နေအိမ်လည်း ပန့်ဆီဆိုင်ပေါက်ကွဲရာမှတစ်ဆင့် ၎င်း၏ နေအိမ် မီးလောင်သွားခဲ့သည်။

၎င်းတို့၏ နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး ဆိုင်ကယ် (၂)စီး၊ ကား (၁)စီးနှင့် ဓာတ်ဆီ (၂)ပုံးအပါအဝင် စုစုပေါင်းကာလတန်ဖိုး သိန်း (၆၈၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန





Topics: နမ့်ဖတ်ကာမြို့တွင် တစ်ရက်အတွင်း နေအိမ် (၂)အိမ် မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်