နမ့်ဟွယ်(ထက်)ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိ
မူဆယ်၊ စက်တင်ဘာ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ဟွယ်(ထက်)ကျေးရွာတွင် တအာင််းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၆)ရက်နေ့ နံနက် (၈း၀၀)နာရီအချိန်တွင် အသက် (၄၂)နှစ်အရွယ် ဦးညီပူးနှင့် အသက် (၅၆)နှစ်အရွယ် ဦးညီဟိန်းတို့သည် မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိမှုကြောင့် ၎င်းတို့၏နေအိမ်ကို သွားရောက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ ဦးညီပူးထံ ဘိန်းဖြူထည့်ထားသည့် မီးခြစ်ဗူးတစ်ဝက်နှင့် ဦးညီဟိန်းထံ ဘိန်းဖြူထည့်ထားသည့် ဗူးသေး (၃)ဗူး၊ (Redim)ဖုန်း (၁)လုံး၊ ငွေသား ၇၀၀၀၀ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
၎င်းတို့ကို ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်း သိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ နမ့်ခမ်းမြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာ လ (၂)ပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁)ဦး ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ