1394

နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၂)ပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁)ဦးဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
18 September 2025

နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  (၂)ပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁)ဦးဖမ်းဆီးရမိ

နမ့်ခမ်း၊ စက်တင်ဘာလ ၁၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့နယ်တွင် (၂)ပတ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ(၁၁)ဦးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးသုံးစွဲသူများသည် ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက်နေ့တွင် အသက် (၅၂)နှစ်အရွယ် ဦးအောင်၊ စက်တင်ဘာလ(၂)ရက်နေ့တွင် အသက် (၅၂)နှစ်အရွယ် ဦးအိုက်တင်၊ အသက် (၃၁)နှစ်အရွယ် ဦးခွဆင်၊ အသက်(၄၇) နှစ်အရွယ် ဦးအိုင်ညိန့်၊ အသက် (၂၈)နှစ်အရွယ် စိုင်းဆိုင်မိန်းနှင့် အသက်(၄၈)နှစ်အရွယ် ဦးဆိုင်ယီဆာတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ စက်တင်ဘာလ (၃)ရက်နေ့လည်း အသက် (၄၂)နှစ်အရွယ် ဦးအိုက်ထွန်း၊ အသက် (၃၈)နှစ်အရွယ် ဦးယိုင်တင်မီ၊ အသက် ‌‌‌‌‌‌‌‌(၃၈)နှစ်အရွယ် ဦးညီပန်းငွေ၊ အသက်(၈၅)နှစ်အရွယ် ဦးဆိုင်ကျမ်းလှနှင့် အသက် (၄၅)နှစ်အရွယ် ဦးအိုက်ကျန်တို့ကိုထပ်မံဖမ်းဆီးရမိခဲ့သည်။

ထိုနောက် ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့လည်း နမ့်ဆန်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၃)ဦးဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန



Topics: နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၂)ပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁)ဦးဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်