နမ့်ဆန်၊ သီပေါ၊ မိုးကုတ်မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၇)ဦးနှင့် သုံးစွဲသူအမျိုးသား (၃၁)ဦး ဖမ်းဆီးရမိ
တအာင်းပြည်၊ သြဂုတ်လ ၄ရက်
တအာင်းပြည်၊ နမ့်ဆန်၊ သီပေါ၊ မိုးကုတ်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၇)ဦးနှင့် သုံးစွဲသူအမျိုးသား (၃၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ စတုတ္ထပတ်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးသန်းမင်းဇော်၊ ဦးဆောင်အေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ဦးစိုးမင်းသူ၊ ဦးယောဟန်၊ ကိုဖိုတို၊ ကိုကျစ်တ၊ ကိုမတ်တူ၊ ဦးလွန်၊ ဦးဆောင်လျှူ၊ ဦးအလွင်၊ကိုစိုးမင်းသူ၊ ဦးအချစ်၊ ဦးအထက်၊ ဦးအလို၊ ဦးထွန်းကျော်၊ ဦးထွန်းမင်းနိုင်တို့ထံ ဘိန်းဖြူဗူးသေး (၇)ဗူး၊ ယာမဆေးပြား (၈၅)ပြား၊ ဆိုင်ကယ် (၁)စီး၊ ဖုန်း (၁)လုံး၊ ငွေသား (၂၃၂၀၀၀)ကျပ်နှင့်အတူဖမ်းဆီးရမိခဲ့ပါ သည်။
ထိုအပြင် ဇူလိုင်လ (၂၈)ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူဦးထွန်းမင်းသူ၊ ဦးအောင်ဆန်း၊ ဦးသက်နိုင်ဦး၊ ဦးချမ်းသာ၊ ဦးမောင်ကျော်တို့ထံ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများ၊ ဖုန်း(၁)လုံး၊ ငွေသား (၂၀၀၀၀)ကျပ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
အလားတူ သီပေါမြို့နယ်လည်း ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးအိုက်မောင်၊ ဦးကျော်၊ ဦးဆန်ပွားနှင့် ကိုပြည့်စုံတို့ထံ စိတ်ကြွဆေးပြား အထုပ်သေး(၆)ထုပ်နှင့် (၁၀၉)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူ ကိုဆန်ညွန့်၊ ဦးအိုက်ပီ၊ ဦးအိုက်ရန်၊ ဦးအိုက်ဆိုင်၊ အောင်သက်နိုင်၊ ကိုမောင်မြင့်၊ ကိုပန်းစိန်၊ကိုဇော်ဝင်းနှင့် ကိုအိုက်ကျန်တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
မိုးကုတ်မြို့နယ်လည်း ဩဂုတ်လ (၁)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှရှောင်သခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဒေါ်နဒီထံ ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ ယာမဆေးပြား (၁၅)ပြား၊ ဖုန်း (၁)လုံး၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းအပြင် မူးယစ်ဆေးဝါးသုံးစွဲသူ ဦးထွန်းမောင်၊ ဦးဆန်ချောင်၊ ဦးကျော်မျိုးအောင်တို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့် စာရိတ္တပြုပြင်သွားမည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ