1305

ကျောက်မဲမြို့တွင် သံဃာတော် (၁)ပါး ခြုံရှင်းနေစဉ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 August 2025

ကျောက်မဲမြို့တွင် သံဃာတော် (၁)ပါး ခြုံရှင်းနေစဉ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ

ကျောက်မဲ၊ ဩဂုတ်လ ၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းတွင် သံဃာတော် (၁)ပါးသည် ခြုံရှင်းနေစဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် သြဂုတ်လ (၂) ရက်နေ့ နေ့လယ် (၂း၃၀)နာရီအချိန်၌ သံဃာတော်ဦးနန္ဒမှ ဘုန်းကြီးကျောင်းဝန်းအတွင်း ခြုံရှင်းနေချိန် မိုင်းကိုနင်းမိပြီး ပေါက်ကွဲမှုကြောင့် ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် သံဃာ တော်ကို ဆေးကုသရန် ပရဟိတအဖွဲ့တို့မှ  လားရှိုးဆေးရုံတွင် ပို့ဆောင်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့လည်း မိုင်းငေါ့မြို့နယ်၊ ဟူးဆွန်ကျေးရွာတွင် ဒေါ်အေးဝင်းသည် လက်ဖက်ခြံသို့သွားနေစဥ် ညောင်ပင်အနီးတွင် မိုင်းကိုနင်းမိ၍ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် သံဃာတော် (၁)ပါး ခြုံရှင်းနေစဉ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်