မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁၂)ဦးသေဆုံး၊ (၁၄)ဦး ထိခိုက်ဒဏ်ရာရ
မိုးကုတ်၊ ဩဂုတ်လ ၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁၂)ဦးသေဆုံးခဲ့ပြီး (၁၄)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ယနေ့ နံနက်ပိုင်း (၈း၂၅)နာရီအချိန်၌ မိုးကုတ်မြို့အနောက်ပိုင်းတွင် ပြည်သူလူထုများ အသွားအလာများနေချိန်အတွင်း စစ်ကောင်စီတပ်မှ ဗုံးများလာရောက်ကြဲချခဲ့ပါသည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် (၁)ပါး၊ ကလေး(၁)ဦးနှင့် အမျိုးသား (၁၀)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀)အိမ်၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် မြို့ကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်တစ်လအတွင်း လေကြောင်းဖြင့် အကြိမ်ရေ (၅)ကြိမ် ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၆)ဦး သေးဆုံးခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၂)ဦးနှင့် အမျိုးသား (၂၇)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၃၈)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ