ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား(၁) ဦးဒဏ်ရာရ၊ နေအိမ် (၈)အိမ် ထိမှန်ပျက်စီး
ကျောက်မဲ၊ ဇူလိုင်လ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ အထက်ကြူရှောကျေးရွာတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၈)အိမ် ထိမှန်ပျက်စီးသွားခဲ့သည်။
ဖြစ်စဥ်တွင် ယနေ့ နံနက် (၉:၄၈)နာရီအချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၇)အရွယ်ဦးဆွယ်ဟိန်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်နေ့လည်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂)အိမ်၊ ဇလပ်ဝါအချိုခြောက်စက်ရုံလည်း ဗုံးစအနည်း ငယ်ထိမှန်ကာ ကား (၃)စီးနှင့် ဆိုင်ကယ် (၅)စီးလည်း ထိမှန်ပျက်စီးသွားခဲ့ပါ သည်။
စစ်ကောင်စီတပ်သည် ဇွန်လ (၂၄)ရက်နေ့မှ ဇူလိုင်လ (၁၃)ရက်နေ့အထိ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် (၁၀) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ သေဆုံးခဲ့ပါသည်။ ထိုနောက် ကလေးငယ် (၃)ဦးအပါအဝင် ပြည်သူလူထု (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၉၇)အိမ်၊ စာသင်ကျောင်း (၄)ကျောင်း၊ ဘုန်းကြီးကျောင်း (၃) ကျောင်းတို့လည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင် ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ