နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား
နောင်ချို၊ ဇူလိုင်လ ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက်ပြုတ်၊ နားမုံနှင့် ရေမောင်းတန်ကျေးရွာကြားတွင်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
ဖြစ်စဥ်တွင် ဇူလိုင်လ (၁၀)ရက်၌ ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၇)လုံးတို့ကိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၎င်းအပြင် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၅၀)လုံးနှင့် ဒရုန်းဖြင့်ဗုံး(၁၀)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
ထိုနောက်တွင် နားမုံနှင့် ရေမောင်းတန်းကျေးရွာကြားလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂)လုံးတို့ကို ပစ်ခတ်ခဲ့ပြီးကျောက်ပြုတ်ကျေးရွာဘက်လည်း လက်နက်ကြီး (၁၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနှင့်ရေမောင်းတန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၃၂)လုံးနှင့်ဒရုန်းဖြင့် ဗုံး (၅၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ