ကွတ်ခိုင်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ
ကွတ်ခိုင်၊ ဇူလိုင်လ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၇)တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်၌ မြို့နယ်ရဲတပ်ဖွဲ့မှ ကင်းလှည့်နေစဥ် ဦးဝမ်ကျိန်ကိုင်ကို စစ်ဆေးကြည့်ရာတွင် ၎င်း၏ အိတ်ကပ်အတွင်း ယာမစိတ်ကြွဆေးပြား (၁၀၀)ပြား၊ Oppo ဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုအမျိုးသားကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် (၁)ရက်နေ့လည်း PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦး ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ