နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
နောင်ချို၊ ဇူလိုင်လ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနှင့် ရေမောင်းတန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၃၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၅၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
ဖြစ်စဥ်တွင် ဇူလိုင်လ (၉)ရက်နေ့၌ နောင်လင်၊ ကျောက်ကြမ်းနှင့် အုမ္မခါးကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၅)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၀)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုအပြင် ကျောက်တော၊ နားမုံနှင့် ရေမောင်းတန်းကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၀)လုံးတို့ကို ပစ်ကူခဲ့ပါသည်။
ထိုအပြင် ရေမောင်တန်းကျေးရွာဘက်လည်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး (၄၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ရေမောင်းတန်း၊ နောင်လင်၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ကျောက်တော၊ နားမုံနှင့် ကသဲမျှောင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၈၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ