နမ့်ခမ်းတွင် အမျိုးသမီး (၁)ဦးသည် ခြံရှင်းရာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး
နမ့်ခမ်း၊ ဇူလိုင်လ ၁ရက်
သတင်းပြည်းသတင်း
 
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး (၁)ဦးသည် ခြံရှင်းရာတွင် မိုင်းတစ်လုံးကိုပေါက်မိ၍ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါသည်။
 
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့ ညနေ (၃း၃၀)နာရီအချိန်တွင် နမ့်ခမ်းမြို့ရှိ စခန်းသစ်ဟောင်းအနီးတွင် ထိုအမျိုးသမီးသည် ပြောင်းဖူးခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုကြောင့် မျက်နှာနှင့် ဦးခေါင်းတွင် မိုင်းစထိမှန်ခဲ့ပါသည်။
 
အဆိုပါ သေဆုံးသွားသူသည် အသက် (၃၀) နှစ်အရွယ်ရှိ ဒေါ်အာဖိန်ဆိုသူဖြစ်ပြီး ၎င်းကို ဆေးကုသရန် သွားရောက်ပို့နေစဉ်အတွင်း လမ်းတွင် သေဆုံးသွားခဲ့ပါသည်။  
 
အလားတူ ပြီးခဲ့သည့် မေလ (၂၉)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ဟိုပေါ်အထက်ကျေးရွာအနီးတွင်  အမျိုး သား (၁)ဦး မိီးသွေးသွားကြည့်ရာတွင် မိုင်းကိုနင်းမိပြီး ညာခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့သည်။
 
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
                                    
မှတ်ချက်များ