1228

ကွတ်ခိုင်တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၊ တစ်ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
01 July 2025

ကွတ်ခိုင်တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၊ တစ်ဦးထိခိုက်ဒဏ်ရာရ

 

ကွတ်ခိုင်၊ ဇူလိုင်လ ၁ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးတွင်  ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားသွားခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါသည်။

 

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့ နေ့လယ် (၁း၃၀)နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ်ရှိသည့်  ဦးဇော်လင်းထက်သည် မန်ပြိန်းကျေးရွာအနီးရှိ ကုန်းအဆင်းတွင် ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ် ပွားသွားခဲ့သည်။

 

အဆိုပါကားသည် မူဆယ်မှ မန္တလေးသို့ ဆင်းသွားမည့် ကုန်တင်ကားတစ်စီးဖြစ်ပါသည်။ ထိုကားတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူသည် ဦးခေါင်းတွင်  ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။

 

အဆိုပါအခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

 

ပြီးခဲ့သည့် ဧပြီလ (၃၀)ရက်နေ့လည်း နမ့်ဖတ်ကာမြို့နယ်တွင် သဲတင်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်၍ ခရီးသည်တင်ယာဉ်တစ်စီးကို ဝင်တိုက်ရာမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၊ တစ်ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်