နမ့်ဆန်တွင် မြေပြိုမှုကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသား (၁)ဦး သေဆုံး
နမ့်ဆန်၊ ဇွန်လ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့၊ ရက်ကွက် (၈)တွင် မြေပြိုမှုကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသား (၁)ဦး သေဆုံးခဲ့ပါသည်။
ဖြစ်စဉ်တွင် ယနေ့ နံနက် (၃:၀၀)နာရီအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အပေါ်ရှိမြေများသည် ပြိုကျခဲ့ပြီး ၎င်းတို့၏အိပ်သည့်နေရာဘက်ခြမ်းတွင် မြေပိသွားခဲ့ပါသည်။
အဆိုပါ မြေပြိုမှုကြောင့် သမီးဖြစ်သူ အသက် (၃)နှစ်အရွယ် မခိုင်သဇင်မြင့်နှင့် ဖခင်ဖြစ်သူ အသက် (၃၈)နှစ်အရွယ် ဦးညွှန်မြင့်တို့ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရဖြင့် သေဆုံးခဲ့ပါသည်။
ထိုအခင်းဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှုများဆောက်ရွက်နေသည်။
ယခင်ချိန်တွင် မိုးရာသီကာလဖြစ်နေသည်နှင့်အမျှ မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် မြေပြိုမှုနှင့် ရေကြီးအန္တရယ်များရှောင်ရှားနိုင်ရန် မိဘပြည်သူလူထုများအနေဖြင့် အထူးသတိပြုရန်လိုအပ်ကြောင့်အသိပေးအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ