1206

စစ်ကောင်စီတပ်မှ ဇွန်လ (၂၄)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀)လုံးနှင့် လက်နက်ကြီး (၅၃)လုံး ပစ်ကူခိုက်တိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
25 June 2025

စစ်ကောင်စီတပ်မှ ဇွန်လ (၂၄)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀)လုံးနှင့် လက်နက်ကြီး (၅၃)လုံး ပစ်ကူခိုက်တိုက်ခိုက်

နောင်ချို၊ ဇွန်လ ၂၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ ဇွန်လ (၂၄)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်ရှိ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတို့ တိုက်ပွဲဖြစ်နေချိန်အတွင်း  စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀)လုံးနှင့် လက်နက်ကြီး (၅၃)လုံးပစ်ကူခိုက်တိုက်ခိုက်ခဲ့ပါသည်။

နောင်အောကျေးရွာတွင် ယမန်နေ့၌ စစ်ကောင်တပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄၂)လုံး၊ ဒရုန်းဖြင့် ဗုံး (၂၁)လုံးနှင့် လက်နက်ကြီး (၁၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

အလားတူ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းလည်း ဒရုန်းဖြင့် ဗုံး (၃၉)လုံး လာရောက်ကြဲချခဲ့ပါသည်။ ထိုအပြင် လုံစံ‌ကျေးရွာတိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံး (၄၇)လုံးနှင့် လက်နက်ကြီး (၃၂)လုံးတို့ ပစ်ကူခဲ့ပါသည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ကျောက်တောကျေးရွာတွင် (၂)လုံး၊‌‌ ရွှေသွန်းကျေးရွာတွင် (၃၈)လုံးနှင့် မျက်ချီးနုကျေးရွာတွင် (၁)လုံးတို့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုနောက်တွင် အုမ္မခါးကျေးရွာဘက်လည်း လက်နက်ကြီး (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ပြီးခဲ့သည့် ဇွန် (၂၃)ရက်နေ့လည်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၂)လုံးနှင့် လေကြောင်းဖြင့်ဗုံး(၄၇)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်မှ ဇွန်လ (၂၄)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀)လုံးနှင့် လက်နက်ကြီး (၅၃)လုံး ပစ်ကူခိုက်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်