ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်း ဝယ်သူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိ
ကွတ်ခိုင်၊ ဇွန် ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့ နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ် ဖွဲ့မှ မူးယစ်ဆေးဝါးရောင်း ဝယ်သူ အမျိုး သား (၂)ဦးဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်တွင် ကွတ်ခိုင်မြို့နယ်၊ ပြီးခဲ့သည့် ဇွန်လ (၂၀)ရက်နေ့ ညနေ (၄း၃၀)နာရီအချိန်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ကိုကျော်နိုင်ထွန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုသတင်းရရှိပြီး ၎င်း၏ နေအိမ်အတွင်း သွားရောက်စစ်ဆေးရာတွင် ယာမဆေးပြား (၂၄၀၀၀၀)ပြား၊ ဘိန်းမည်း (၅)ကျပ်သား၊ ကား (၁)စီး၊ ဖုန်း (၄)လုံး၊ Tablet(၁)လုံး၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများကို တွေ့ရှိခဲ့ပါသည်။
အလားတူ မိုင်းငေါ့မြို့နယ်၊ မန်ဝေးကျေးရွာကို မူးယစ်ဆေးဝါးသွားပို့မည့်ဦးအိုက်ဆိုင်သည် စစ်ဆေးရေးဂိတ်ရောက်နေစဉ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၁၉၈) ပြား၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပါသည်။
ထိုနောက် ၎င်းအမျိုးသား (၂)ကို မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်း ဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်နေ့လည်း နမ့်ဆန်မြို့နယ် ၊တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ