1193

PSLF/TNLAတအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းအများအပြား ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
20 June 2025

PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းအများအပြား

ဖမ်းဆီးရမိ

 

တအာင်းပြည်၊ ဇွန်လ ၂၀ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ ကွတ်ခိုင်မြို့နယ်နှင့်  အီနိုင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းအများအပြား ဖမ်းဆီးရမိခဲ့ပါသည်။ 

 

ပြီးခဲ့သည့် ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ကျေးရွာနေထိုင်သည့် ဦးဇော်မိုင်၏ နေအိမ်တွင် လက်နက်ပစ္စည်းများစုထားနေသည်ဟုသတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေစစ်ဆေးခဲ့ပါသည်။

 

ထိုနေအိမ်အတွင်း ကာဘိုင် (၂)လက်၊ M-21 (၁)လက်၊ ပစ္စတို (၆)လက်၊ MA-1 (၄)လက်၊ MA-2 (၂)လက်၊ G-3 (၁)လက်၊ ကျည်ဘောက် (၂၃)ခု၊ (၅.၅၆)ကျည် (၇၈)ထောင့်၊ 9MMကျည် (၅၀)ထောင့်၊ 120MM ပြောင်းအထိုင် (၁)ခု၊ ပွိုင့်(၂၂)ကျည် (၃၀၀)ထောင့်နှင့် ယာမဆေးပြား (၃၆၀)ပြားတို့ကို တွေ့ရှိခဲ့ပါသည်။

 

အလားတူ ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့လည်း အမျိုးသား (၂)ဦးသည် ကားဖြင့် ဟိုဖိတ်ကျေးရွာမှ နောင်ချိုမြို့သို့ ဆင်းသွားချိန်အီနိုင်းစစ်ဆေးရောက်စဥ် နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၁၅၂)လုံး၊ စတားလင့် (၁)လုံး၊ လက်ပစ်ဗုံး (၇)လုံး၊ နင်းမိုင်း (၁)လုံး၊ M9 (၇)လုံး၊ (၅.၅၆)ကျည် (၁၂၈၀)ထောင့်၊ (၇.၆၂)ကျည် (၅၆)ထောင့်၊ 9MMကျည် (၆၆)ထောင့်၊ (၅.၆၅)ကျည် (၅)ထောင့်နှင့် ငွေသား သိန်း(၅၀)ကျပ်တို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။


အဆိုပါ (၂)ဦးသည် အသက် (၃၁)နှစ်အရွယ်ကိုထွန်းဇင်းအောင်နှင့် အသက် (၃၁)နှစ်အရွယ် ကိုချစ်ဝိုင်းတို့ဖြစ်ပြီး မုံရွာမြို့နယ်နှင့် ဝတ်လက်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြပါသည်။  ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူမှုဆောင်ရွက်သွားမည်ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLAတအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းအများအပြား ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်