1192

ဆင်ခွာကျေးရွာတွင် အမျိုးသားတစ်ဦးသည် မိမိကိုယ့်ကိုယ် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
19 June 2025

ဆင်ခွာကျေးရွာတွင် အမျိုးသားတစ်ဦးသည် မိမိကိုယ့်ကိုယ် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

မိုးကုတ်၊ ဇွန် ၁၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ကျောက်ပြဿဒ်အုပ်စု၊ ဆင်ခွာကျေးရွာတွင် အမျိုးသားတစ်ဦးသည် မိမိကိုယ့်ကိုယ် ကြိုးဆွဲချပြီး အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်နေ့တွင် အသက် (၆၄)နှစ်အရွယ် ဦးကူးဘာဒူး(ခ)ကူလေးသည် ဆင်ခွာကျေးရွာလမ်းဘေးရှိအုတ်ခုံတစ်ခု၌ အရက်သေ စာအလွန်အကျူးသောက်သုံးပြီးနောက် တွင် ထိုအုတ်ခုံဘေးရှိ သစ်ပင်တွင် မိမိကိုယ့်ကိုယ် အဆုံးစီရင်သွားခဲ့ပါသည်။

၎င်းနောက်တွင် ပြည်သူလူထုများမှ တွေ့ရှိခဲ့ပြီး တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲထံ သွားရောက်တိုင်ကြားခဲ့ပါသည်။ အဆိုပါ အခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ သွားရောက်စစ် ဆေးခဲ့ပါသည်။

ဦးကူးဘာဒူးသည် ယခင်ကတည်းက အရက်အလွန်အကျွံသောက်တက်သူတစ်ဦးဖြစ်ပြီး  ကိုယ့်ကိုယ်လည်း အဆုံး စီရင်ရန် မကြာခဏကြံစည်ခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဆင်ခွာကျေးရွာတွင် အမျိုးသားတစ်ဦးသည် မိမိကိုယ့်ကိုယ် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်