1187

ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် -TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
19 June 2025

ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် -TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

နောင်ချို၊ ဇွန်လ ၁၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ  ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါသည်။

ယမန်နေ့ နံနက်ပိုင်းအချိန်၌ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သည် လက်နက်ကြီး (၃၈)လုံး၊ ဒရုန်းဖြင့် ဗုံး(၁၀)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်။

ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်နှင့် ရေမောင်းတန်းကျေး ရွာဘက်ကိုလည်း စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဦးတည်ပြီး ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီး (၈)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၃)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်နေ့ နံနက် (၁၁း၄၁)နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဆမ္မဆယ်ကျေးရွာအတွင်း လက်နက်ကြီးပစ်ခိုက်လိုက်သောကြောင့် အမျိုးသား (၂)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့် ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် -TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်