ကုံးမုံနှင့် ကုန်းသာကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
ကျောက်မဲ၊ ဇွန်လ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ကုံးမုံနှင့် ကုန်းသာကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တွင် တအာင်းစာအဖွဲ့-TLAမှ ဦး ဆောင်ပြီး ပြုလုပ်ခဲ့ပါသည်။
ကုံးမုံကျေးရွာမှ ဖွင့်လှစ်ခဲ့သည့်သင်တန်းတွင် သံဃာတော် (၁၈)ပါးအပါအဝင် သင်တန်းသား (၄)ဦးနှင့် သင် တန်းသူ (၂၆)ဦး စုစုပေါင်း (၄၈)ဦးတို့တက်ရောက်သင်ကြားခဲ့သည်။
အလားတူ ကုန်းသာကျေးရွာမှ သင်တန်းလည်းသံဃာတော် (၂)ပါး၊ သီလရှင် (၁)ပါးအပါအဝင်သင်တန်း သား(၆)ဦးနှင့် သင်တန်းသူ (၁၇)ဦး စုစုပေါင်း (၂၆)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates) များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူလူထုများ အပါအဝင်စုစု ပေါင်းလူဦးရေ (၁၈၅)ဦး တက်ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတတ်၊ ရေးတတ်၊ ဆိုတတ်၊ သုံးတတ်နိုင်ရန်တို့ဖြစ်ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့လည်း တအာင်းစာအဖွဲ့-TLAမှ မိုင်းလုံမြို့နယ်၊ တောင်နီကျေးရွာတွင်သံဃာ တော် (၉)ပါးအပါအ၀င် ကျောင်းသား/သူ စုစုပေါင်း (၄၂)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ