ဟိုနားကျေးရွာတွင် စိတ်မနှံသူအမျိုးသားတစ်ဦးမှ ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံးမှုဖြစ်ပွား
နမ့်ခမ်း၊ ဇွန်လ ၁၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာတွင် စိတ်မနှံသူ အမျိုးသားတစ်ဦးမှ ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၀)ရက်နေ့ နေ့လယ် (၁၂း၁၀)နာရီအချိန်တွင် အသက် (၅)နှစ်အရွယ် မောင်ထက်အောင်ရှိုင်းသည် အိမ်ဘေးဆော့ကစားနေချိန်စိတ်မနှံသူ ဦးဆိုင်မာဝ်းသည် ထင်းတစ်ချောင်းကိုယူပြီး ၎င်းကလေးကို ရိုက်နှက်ခဲ့ပါသည်။
အဆိုပါကလေး၏ ခေါင်းနှင့် နောက်စေ့ကို ရိုင်နှက်ခဲ့သောကြောင့် ဆေးရုံသို့သွားပို့ရန် လုပ်ဆောင်နေစဉ်အတွင်း သေဆုံးသွားခဲ့ပါသည်။ ထိုနောက်တွင် ပြစ်မှုကျူးလွန်သည့် ဦးဆိုင်မာဝ်းကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးဖြစ်ပါသည်။
ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့လည်း မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုတစ်ခုဖြစ်ပွားသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ