1149

တအာင်းပညာရေးထီ၏ (၂၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုအား ကွတ်ခိုင်မှ ဆွတ်ခူးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
02 June 2025

တအာင်းပညာရေးထီ၏ (၂၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုအား ကွတ်ခိုင်မြို့မှ ဆွတ်ခူးရရှိ


တအာင်းပြည်၊ ဇွန်လ ၂ရက်


တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင်နေထိုင်သည့် လွေးအီကြာမိုင်မှ ဆွတ်ခူးရရှိသွားခဲ့သည်။ 


တအာင်းပြည် တအာင်းပညာရေး ရန်ပုံငွေအတွက် (၂၄)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်တစ်နေရာတွင် ဇွန်လ (၁)ရက် နံနက်ပိုင်းအချိန်တွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည်။ 


သိန်း (၅၀၀)ဆု၏ ဂဏန်းသည် အက္ခရာ (C- 85195)ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၁၀၀)ဆု (၁)ဆု၊ သိန်း(၅၀) ဆု (၁)ဆု၊ သိန်း(၃၀)ဆု (၂)ဆု၊ (၁၀) သိန်းဆု (၃)ဆု၊ (၅)သိန်းဆု (၄)ဆု၊ (၂) သိန်းဆု(၅၀)ဆုနှင့် သိန်း (၅၀၀)ဆု၏ အက္ခရာတူ နောက်ဆုံးဂဏန်းသုံးလုံးတူ ဆု (၂၂)ဆုအပါအဝင် စုစုပေါင်း (၈၄)ဆု ပေးအပ်ခဲ့သည်။


ပြီးခဲ့သည့် မေလတွင် တအာင်းပညာရေးထီ၏ (၂၃)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ဆန်မြို့နယ်၊  ဟူးခင်ကျေးရွာနေထိုင်သည့် ဦးအိုက်ကျိန်မှ အက္ခရာ (A- 78097) ဆွတ်ခူးသွားရရှိသွားခဲ့သည်။


၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/မ (၃၅၀၀)ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း ကျန်ရှိနေသည့်မြို့နယ်တို့တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၇၀၀)ကျော် ဆက်လက်ဖွင့်လှစ်သွားရန်စီစဉ်ဆောင်ရွက်နေပါသည်။


စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၃၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့်ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ဖြစ်ရန် တအာင်းပညာရေးထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးထီ၏ (၂၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုအား ကွတ်ခိုင်မှ ဆွတ်ခူးရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်