1135

မိုးကုတ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
24 May 2025

မိုးကုတ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

မိုးကုတ်၊ မေလ ၂၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊‌ မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသားတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၂၁)ရက် နေ့လယ် (၁း၄ဝ)နာရီအချိန်တွင် မိုးကုတ်မြို့၊ သံလွင်တောင်ရပ်ကွက်တွင် နေထိုင်‌သော အသက် (၄ဝ)နှစ်အရွယ်ဦးအောင်မျိုးဟိန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းထံမှ ယာမ (၁၇)ကဒ် (တစ်ကဒ် (၃ဝ)ထုပ်ပါ)၊ ဘိန်းဖြူ ဆပ်ပြာခွက် (၁)ခွက်နှင့် ဘိန်းမည်း (၃)ပိဿာတို့ကို တွေ့ရှိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မေလ (၁၅)ရက် ညနေ (၅း၄၆)နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ လွယ်ဆာအုပ်စု ၊နားလောကျေးရွာတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန် ဘိန်းဖြူဆပ်ပြာခွက် (၄)ခွက်၊ ယာမ (၁၁)ထုပ်နှင့် ငွေသား သိန်း(၄ဝ) ကျပ်အတူ ဆိုင်ကယ်ဖြင့်သယ်‌ဆောင်လာသည့် ဦးဇော်မင်းထက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုလည်း ဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်