1116

အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချ

ဒေသတွင်းသတင်း / ဒေသတွင်း
20 May 2025

အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချ


နောင်ချို၊ မေလ ၂ဝရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့သည်။




ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၁၁)ရက် မွန်းလွဲပိုင်း (၁၂း၃ဝ)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းကုမ္မဏီကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့်ကုမ္မဏီအသုံးပြုနေသော ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊ စက်ပစ္စည်းများထားရှိသောဂိုဒေါင် (၁)လုံးနှင့်အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ (၁၆၈ဝဝဝဝ)ယွမ်

ပျက်စီးဆုံးရှုံးသွားခဲ့သည်။





အလားတူ မေလ (၁၈)ရက် ညနေ (၅း၃ဝ)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ)ဗုံး  (၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ 


စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်ထိအပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ 


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်