မူဆယ် (၁၀၅)မိုင်တွင် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းကိုလက်နှင့် ဖိမိပြီး အမျိုးသားတစ်ဦးသေဆုံး
မူဆယ်၊ မေလ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ် (၁၀၅)မိုင် တုန်ခန်နေရွာတွင် ယခင် စစ်ကောင်စီ ထောင်ထားခဲ့သည့်မိုင်းကို အမျိုးသား (၁)ဦးက လက်နှင့်ဖိမိပြီး သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် မေလ (၁၅)ရက် နံနက် (၁၀း၃၉)နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ် ဦးမန်ဘဟာဒူးဆိုသူသည် နွားကျောင်းနေစဥ် ခနအနားယူမည်ဆိုကာ ထိုင်လိုက်သည့်အချိန် ၎င်း၏ညာလက်က မိုင်းကိုဖိမိသောကြောင့် ပေါက်ကွဲသွားခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် ဦးမန်ဘဟာဒူး၏ ညာလက်တစ်ဖက်ပြတ်ထွက်ပြီး မျက်နှာလည်း မိုင်းစထိမှန်၍ သေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်တွင်လည်း နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြံစိုက်နေစဥ် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ