စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် တောင်ကျရွာတွင် ဒရုန်းဖြင့် ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးထိခိုက် ဒဏ်ရာရ
တအာင်းပြည်၊ မေလ ၁၉ ရက်
တအာင်းပြည်သတင်း
စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံး(၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာတွင် ယမန်နေ့ မေလ ၁၇ ရက် နံနက်(၁၀း၂၃)နာရီအချိန်တွင် (၂)ကြိမ်၊ (၁၀း၄၉)နာရီအချိန်တွင် (၁)ကြိမ်၊ (၁၁း၀၀)နာရီတွင်(၂)ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တောင်ကျရွာအတွင်းကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဗုံး (၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့်ဒေသခံ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ