သီပေါတွင် စစ်ကောင်စီလက်ကျန်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံး
သီပေါ၊ မေလ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ၊ သီပေါမြို့နယ်၊ ကွန်စံလိတ်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် စစ်ကောင်စီလက်ကျန်မိုင်းနင်းမိ၍ ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။
ပြီးခဲ့သည့် မေလ ၈ရက် ညနေ (၆း၀၀)အချိန်တွင် အသက် (၃၁)နှစ်အရွယ် ဦးအိုက်ကျော်ဆိုသူသည် ဆိုင်ကယ်ဖြင့် ဦးလေးထံ ပိုက်ဆံသွားယူပြီးအပြန် စစ်ကောင်စီတပ် ခမရ (၅၀၃)စခန်းဟောင်းအား ရောက်ရှိချိန် အပေါ့သွားရန်လုပ်ရာမှ မိုင်းနင်းမိခဲ့သည်။
၎င်းအခင်းဖြစ်ပွားခဲ့သည့်နေရာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး လူနာအား ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၇ရက်နေ့တွင် ကုန်းစုံကျေးရွာနေ အမျိုးသားတစ်ဦးသည် ခလရ(၂၃)တပ်စခန်းဟောင်းအနီး ထင်းခွေသွားရာမှ ယခင်စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ညာဘက်ခြေထောက်တစ်ဖက်ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဧပြီလတွင်လည်း တုံစင့်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ခလရ(၂၃)တပ်စခန်းဟောင်းအတွင်းတွင် ငှက်သွားပစ်ရာမှ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ