သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ သတိပေးဆိုင်းဘုတ်များတပ်ဆင်
တအာင်းပြည်၊ မေလ ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ သတိပေးဆိုင်းဘုတ်များ လိုက်လံတပ်ဆင်ပေးခဲ့သည်။
ထိုသတိပေးဆိုင်းဘုတ်များကို မေလ ၆ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရှိ သီပေါကြိုးဝိုင်းနှင့် ကွမ်းလုံကြိုးဝိုင်း၊ မေလ ၇ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားတွင် PSLF/TNLA သစ်တောထိန်းသိမ်းရေးဌာနမှ သတိပေးဆိုင်းဘုတ်များကို လိုက်လံတပ်ဆင်ခဲ့သည်။
ထိုသတိပေးဆိုင်းဘုတ်တွင် သစ်ဝါးခုတ်ခြင်း၊ တောမီးရှို့ခြင်းစသည်တို့ကို မပြုလုပ်ရန်၊ ပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဟု ပါရှိသည်။
ထိုသတိပေးဆိုင်းဘုတ်များကို ပြီးခဲ့သည့် ဧပြီလတွင်လည်း ကွတ်ခိုင်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင် စုစုပေါင်း သတိပေးဆိုင်းဘုတ်(၅၂)ချပ် တပ်ဆင်ခဲ့သည်။
အလားတူ ဖေဖော်ဝါရီလတွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်အတွင်း ကန့်သတ်ကြိုးဝိုင်း (၅)ဝိုင်း သတ်မှတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ