1070

ကျောက်မဲမြို့နယ်တွင် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

ဒေသတွင်းသတင်း / ဒေသတွင်း
09 May 2025

ကျောက်မဲမြို့နယ်တွင် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

ကျောက်မဲ၊ မေလ ၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးရွာတွင် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့သည်။

ဖြစ်စဥ်တွင် မေလ (၆)ရက် ညနေ (၆း၀၀) နာရီအချိန်တွင် စိတ်ဝေဒနာသည်ခံစား‌နေရသည့် အသက် (၃၅)နှစ်အရွယ်ရှိ ဒေါ်ပူဂျားသည် အိမ်သားများမရှိသောအချိန် နေအိမ်အိပ်ခန်းတွင် မိမိကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။





သူမ မသေဆုံးမှီ ရှေ့ရက်များတွင် ဖယောင်းတိုင်မီးအမြဲထွန်းညှိတတ်ပြီး သေဆုံးသည့်နေ့တွင် မီးထွန်းညှိထားသည်ကို မတွေ့ရသောကြောင့် အိမ်နီးချင်းဖြစ်သူမှ ခေါ်ကြည့်ပြီး တုန့်ပြန်မှုမရှိသောကြောင့် အိမ်ထဲဝင်ကြည့်ရာကြိုးတန်းလန်းဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့၌ မန်တုံမြို့နယ်၊ မန်မောက်အုပ်စု ချောင်းပုန်ကျေးရွာတွင်လည်း အသက် (၃၄)နှစ် အရွယ်ရှိ အမျိုးသား (၁)ဉီးသည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး စိတ်မမှန်ဖြစ်ရာ ၎င်း၏ နေအိမ်ထင်းပုံထဲတွင် မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့နယ်တွင် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်