စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း လက်နက်ကြီးပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေ
တအာင်းပြည်၊ မေလ ၉ ရက်
တအာင်းပြည်သတင်း
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင့် ကြေညာခဲ့သည်။ စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေပါသည်။
တအာင်းပြည်၊ နောင်ချိုမြို့နယ် မေလ (၈)ရက် နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA ရှိရာ သရက်ချိုရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် အမတ (၉၀၂)မှ နံနက် (၉း၃၃)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၂)လုံး နှင့် လက်နက်ကြီးဖြင့် (၁၆)ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
နောင်ချိုမြို့နယ် မေလ(၈)ရက် မွန်းလွဲ(၃း၀၀)အချိန်တွင် တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ ယာပြင်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် အမတ (၉၀၂)မှ နေ့လယ် (၁၂း၄၈)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၂)လုံးနှင့် လက်နက်ကြီးဖြင့် (၂)ကြိမ် တိုက်ပွဲဖြစ်ပွားရာ ယာပြင်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အလားတူ နောင်ချိုမြို့နယ် မေလ (၈) ရက် ညနေ (၆း၀၀)အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွဲခဲ့သည်။
စစ်ကောင်စီတပ်မှ ညနေ (၄း၁၇)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၈)လုံး၊ အဆိပ်ငွေ့ဗုံး(၅)လုံး၊ လက်နက်ကြီးဖြင့် (၃၁)ကြိမ် တိုက်ပွဲဖြစ်ပွားရာ နောင်လင်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုပြင် စစ်ကောင်စီတပ်မှ တဲခေါ်ရွာမှနေ၍ နံနက် (၁၁း၃၆)နာရီအချိန်တွင် ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး(၁)လုံး အုမ္မတီးကျေးရွာတွင် လာရောက်ကြဲချခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် (၆)ကြိမ် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ တောင်လှကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ မေလ (၈)ရက် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် စစ်ကောင်စီတပ် အမတ (၉၀၂)မှ လက်နက်ကြီးဖြင့် မင်္ဂလာဆောင်ပြုလုပ်ကျင်းပနေသော သရက်ချိုကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်ကြီးကြောင့် အသက် (၅)နှစ်အရွယ် ကလေးငယ်အပါဝင် ဒေသခံ (၄)ဦးသေဆုံးခဲ့ပြီး၊ (၇)ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြသည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ