1019

နမ့်ဖတ်ကာတွင် မီးသွေးတင်ဆောင်လာသည့်(၁၂)ဘီးကားတစ်စီးသည် လမ်းဘေးတွင်ရပ်ထားသည့် ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်မိပြီးတိမ်းမှောက်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
26 April 2025

နမ့်ဖတ်ကာတွင် မီးသွေးတင်ဆောင်လာသည့်(၁၂)ဘီးကားတစ်စီးသည် လမ်းဘေးတွင်ရပ်ထားသည့် ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်မိပြီးတိမ်းမှောက်မှုဖြစ်ပွား


နမ့်ဖတ်ကာ၊ ဧပြီလ၂၆ရက်
တအာင်းပြည်သတင်း

တအာင်ပြည်၊ တပ်မဟာ (၅)နယ်မြေ၊ နမ့်ဖတ်ကာမြို့နယ်တွင်   နမ့်ခမ်းမှဆင်းလာသည့် မီးသွေးတင် (၁၂)ဘီးကားတစ်စီးသည်လမ်းဘေးတွင်ရပ်ထားသည့် ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ဧပြီလ (၂၄)ရက် နံနက် (၁၁:ဝဝ)နာရီအချိန်တွင် နမ့်မောချောင်းတံတားမရောက်ခင် ကုန်းအဆင်းတွင် မီးသွေးတင်ဆောင်လာသည့်ကားတစ်စီးသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်သောကြောင့် နမ့်ခမ်းမှတက်သွားမည့် ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်မိခဲ့ပါသည်။

ထို့နောက်တွင် နမ့်ခမ်းမှတက်သွားမည့်ကားအတွင်းရှိ ခရီးသည်တချို့နှင့် ကားမောင်းသူအပါအဝင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။ ၎င်းအခင်းဖြစ်ပွားခဲ့သည့် နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး (၁၂)ဘီးကားမောင်းသူကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကာ ဥပ‌‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ (၁၂)ရက်လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)ရှိ လမ်းမတစ်နေရာတွင် ရပ်နေသည့်ကားတစ်စီးကို နောက်ကားတစ်စီးမှ ဝင်တိုင်ရာတွင် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဖတ်ကာတွင် မီးသွေးတင်ဆောင်လာသည့်(၁၂)ဘီးကားတစ်စီးသည် လမ်းဘေးတွင်ရပ်ထားသည့် ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်မိပြီးတိမ်းမှောက်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်