မိုင်းယော်တွင် အမျိုးသား (၂)ဦးသည် မပေါက်ကွဲသေးသည့်လက်နက်ကြီးကိုယူဆော့ရာတွင် ပေါက်ကွဲကာ (၁)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
မိုင်းယော်၊ ဧပြီလ ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ မိုင်းယော်မြို့နယ်၊ လွယ်လင်ကျေးရွာအုပ်စု၊
မန်ကန်ရွာတွင် အမျိုးသား (၂)ဦးသည် မပေါက်ကွဲသေးသည့်လက်နက်ကြီးကို ယူဆော့ရာတွင် ပေါက်ကွဲကာ(၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၁၈)ရက် နေ့လယ် (၂း၃ဝ)နာရီအချိန်တွင်
မိသားစုဝင် (၂)ဦးသည် ပျောက်ဆုံးနေသည့်နွားကို လိုက်လှံရှာဖွေနေစဉ် မပေါက်ကွဲသေးသည့်လက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့ပါသည်။
ထို့နောက် လက်နက်ကြီးကို ယူဆော့ရာတွင် ပေါက်ကွဲပြီး ဖခင်ဖြစ်သူ
အသက် (၄၅)နှစ်အရွယ် ဦးခမ်းဆာသည် ပွဲချင်းပြီးသေဆုံးကာ အသက် (၁၈)နှစ်အရွယ်သားဖြစ်သူ မိုင်းအောင်ဆာမှ ထိခိုက်ဒဏ်ရာရခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ
သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသွားခဲ့သည့် ဦးခမ်းဆာကိုလည်း ဒေသခံများနှင့်အတူ သယ်ဆောင်ခဲ့ကာ မီးသဂြိုလ်ပေးခဲ့သည်။ ဒဏ်ရာရှရှိခဲ့သည့် သားဖြစ်သူကိုလည်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ